ဝမ်းနည်းပူဆွေးရချိန် ယေရှုပေးသော နှစ်သိမ့်ခြင်းနှင့် မိတ်ဆွေဖြစ်ခြင်း (The Comfort and Friendship of Jesus in Our Grief)
article
ကျွန်ုပ်၏ ချစ်လှစွာသောဇနီး နန်စီ၏ကင်ဆာရောဂါနှင့် ရုန်းကန်ခဲ့ရသည့် လေးနှစ်ကျော် ကာလအတွင်း ဝမ်းသာစရာ ဆေးစစ်ချက်နှင့် စိတ်ပျက်စရာသတင်းများစွာကို တစ်လှည့်စီ ကြားခဲ့ရပါသည်။ သူမ၏ ခွဲစိတ်မှု သုံးကြိမ်၊ ဓာတ်ရောင်ခြည်ပြ ကုသမှု သုံးကြိမ်နှင့် ကီမိုဆေးသွင်းကုသမှု သုံးကြိမ်စလုံးကို ဖြတ်သန်းခဲ့ရစဉ်အတွင်း ကျွန်ုပ်တို့သည် စိတ်ခံစားချက်မျိုးစုံ၏ အတက်အကျ အနိမ့်အမြင့်ကို ပြင်းထန်စွာ ခံစားခဲ့ရကြသည်။